What is Gold Mart?

Gold Mart is a product of Spring Development Bank, where our users can trade gold with our bank.

Gold Mart ဆိုသည်မှာ နွေဦးဘဏ် နှင့် နွေဦးဘဏ် အကောင့်ပိုင်ရှင်တို့  ရွှေ အရောင်းအဝယ် လုပ်နိုင်သည့် ဘဏ်၏ လုပ်ငန်းစဥ် တစ်ခုဖြစ်ပါသည်။


In what units is gold sold?

Spring Development Bank sells gold in terms of tokens. One GOLD token represents 1 Yway Lay, or 1/128th of 1 Kyat Thar (a.k.a. 1 tical) of gold, a common unit of measurement when buying and selling physical gold in Myanmar.


In other words:

128 GOLD = 128 Yway Lay = 1 Kyat Thar ≈ 0.576 oz ≈ 16.33g of gold.

ရွှေတွေကို ဘဏ်မှာ ဘယ်လို ယူနစ်တွေနဲ့ ဝယ်ရောင်းလို့ ရပါသလဲ။

နွေဦးဘဏ်တွင် ရွှေများကို ရွှေတိုကင် (GOLD token) များ အနေဖြင့် ဝယ်ရောင်းလုပ်၍ ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ရှိ ရွှေအရောင်းအဝယ် စျေးကွက်တွင် ရွေး ယူနစ်ကို အသုံးပြုသည့် အတွက် GOLD တိုကင် တစ်ခု ကိုရွှေ ၁ရွေး (တစ်ကျပ်သား ၏ ၁၂၈ ပုံ ၁ ပုံ) ဖြင့် ညီမျှသည်ဟု သတ်မှတ်ထားသည်။


တနည်းအားဖြင့် ဆိုရသော်:~

၁၂၈ GOLD တိုကင် = ၁၂၈ ရွေး = ၁ ကျပ်သား = ၀.၅၇၆ အောင်စ = ၁၆.၃၃ ဂရမ်


How is the gold backed?

Each GOLD token that is held by users is fully backed by an equivalent amount of reserves in Spring Development Bank’s treasury. This includes physical gold, gold-backed securities and/or other gold-related assets to provide diversification, the combination of which is determined by SDB’s senior risk management team. 

In the future, as part of our rollout plans, SDB will also be enabling the conversion (and withdrawal) of GOLD into physical gold.

Users who hold GOLD in their SDB accounts effectively own the underlying physical gold, which is held in custody by Spring Development Bank on their behalf.

ဝယ်ထားတဲ့ ရွှေတွေကို ဘဏ်မှာ ဘယ်လို သိမ်းထားသလဲ?

ဘဏ်အကောင့် ပိုင်ရှင်များ ဝယ်ယူထားသည့် GOLD တိုကင် တစ်ခုတိုင်းစီအတွက် နွေဦးဘဏ် မှ အရံ အနေဖြင့် တန်ဖိုးတူညီသော ရွှေ အာမခံ ထုတ်ကုန်များ ဝယ်ယူထားမည် ဖြစ်သည်။ အဆိုပါ ထုတ်ကုန်များတွင် ရွှေစျေးအတက်အကျ ဒဏ်မှ ကာကွယ်နိုင်ရန် အတွက် လက်ဝယ် ရွှေအထည်များ ဖြင့်သော်လည်းကောင်း၊ စိတ်ချယုံကြည်ရသည့် ရွှေ အစုရှယ်ယာ လက်မှတ်များ အနေဖြင့်သော်လည်းကောင်း စသဖြင့် အမျိုးအစား စုံလင်စွာ ပါဝင်မည် ဖြစ်ပြီး နွေဦးဘဏ် ၏ ဝါရင့် စီမံခန့်ခွဲမှု အရာရှိများမှ အချိုးအစားကျကျ ဝယ်ယူစီမံသွားမည် ဖြစ်သည်။


အနာဂါတ်တွင် နွေဦးဘဏ် အနေဖြင့် ဘဏ်တွင်း၌ ရွှေ လဲလှယ် ဝယ်ရောင်းနိုင်မည်သာမက ပြင်ပတွင်ပင် ရွှေများကို လဲလှယ် ထုတ်ယူသွားနိုင်စေရန် အစီအစဥ်များ ချမှတ်ထားပြီး ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် နွေဦးဘဏ် ၌ ရွှေ (GOLD တိုကင်) ဝယ်ယူထားခြင်းသည် ၎င်း ရွှေနှင့် တန်ဖိုးတူ အလေးချိန်တူ ရွှေအား ပြင်ပတွင် ဝယ်ယူခြင်းပင် ဖြစ်သည်။ ထူးခြားချက်မှာ နွေဦးဘဏ်မှ အဆိုပါ ရွှေများကို ဝယ်ယူသူများကိုယ်စား ထိန်းသိမ်း စောင့်ရှောက်ပေးထားခြင်း ဖြစ်သည်။


How to trade GOLD?

You can trade your GOLD at any time with the help of our user-friendly Currency Exchange interface.

This gives you maximum flexibility: whether you are buying for investment (an asset that has historically appreciated by almost ~10% p.a. and acted as a hedge against inflation), or selling for some short-term liquidity.

GOLD တိုကင် တွေကို ဘယ်လို ဝယ်ရမလဲ?

GOLD တိုကင်များ ကို နွေဦးဘဏ် အကောင့်ပိုင်ရှင်များ အနေဖြင့် အချိန်မရွေး Currency Exchange Interface (ဘဏ် အပလီကေးရှင်း အတွင်းရှိ ငွေကြေး လဲလှယ်ရာ နေရာ) တွင် ဝယ်ယူ လဲလှယ်နိုင်ပါသည်။

ထို့ကြောင့် နွေဦးဘဏ် အကောင့်ပိုင်ရှင်များ အနေဖြင့်  ရွှေအား ငွေကြေးဖောင်းပွမှု ကို ကာကွယ်ရန် ရေရှည် ရင်းနှီးမြှုပ်နှံမှု တစ်ခု အနေဖြင့် သော်လည်းကောင်း၊  ရေတို ဝယ်ရောင်းလုပ်ရန်အတွက် သော်လည်းကောင်း စိတ်ကြိုက် အချိန်မရွေး ဝယ်ယူ ရောင်းချနိုင်မည် ဖြစ်သည်။


How are the rates determined? 

Our systems give you better prices and lower fees as compared to the traditional market, and with the benefit of blockchain technology you will never have to worry about issues like authenticity and quality again.

ရွှေစျေးကို ဘယ်လို သတ်မှတ်သလဲ?

နွေဦးဘဏ် အနေဖြင့် သမရိုးကျ စျေးကွက် ရှိ ရွှေတန်ဖိုး ထက် ပိုမို  ကောင်းမွန်သည့် စျေးနှုန်းများ ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။ ထို့အပြင် နောက်ဆုံးပေါ် နည်းပညာ ဖြစ်သည့် blockchain နည်းပညာကို အသုံးပြုထားသည့် အတွက်လည်း နွေဦးဘဏ် အကောင့်ပိုင်ရှင်များ အနေဖြင့် အရည်အသွေးအားဖြင့်သော်လည်းကောင်း၊ စစ်မှန်မှုအားဖြင့်သော်လည်းကောင်း သက်သေ ခိုင်ခိုင်လုံလုံ နှင့် ယုံကြည်စိတ်ချစွာ ဝယ်ယူ အသုံးပြုသွားနိုင်မည် ဖြစ်ပါသည်။


Was this article helpful?

15 out of 15 liked this article

Still need help? Message Us